aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Thursday, October 31, 2013

ပုံတွေကို ပြု့ပြင်ရာမှာ အသုံးဝင်တဲ့ PHOTOSCAPE 3.6.5 နောက်ဆုံး UPDATE နှင့် အသုံးပြု့နည်း



27 ရက်နေ့ကထွက်သွားတဲ့ update လေးပါ ။
ကျနော် လိုပဲ Photoshop မသုံးတက်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းအဆင်ပြေပါတယ်
ဓါတ်ပုံဖြတ်ညှပ် ကပ်၊နာမည်ရေး စာရေး၊ Logo ဆွဲ ၊ မွေးနေ့ဖိတ်စာတွေ လောက်ကတော့
ကောင်းကောင်းလေးဆွဲ လို့ရတယ်။ အသုံးလိုမယ် ဆိုအောက်မှာဆွဲသွားလိုက်ပါ ခင်ဗျာ.....

                                             Click Here to Download

ဒေါင်းပြီးတာနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်.. အသုံးပြုနည်းကိုလည်း ကျွန်တော် တတ်နိုင်သလောက်
ရှင်းပြလိုက်ပါ့မယ်... လွယ်ကူတာမို့ ကလိရင်းးတတ်မှာ သေချာပါတယ်ဗျာ... အသင့်တင့်လောက်တော့
ပြောပြလိုက်ပါတယ်နော်...ကဲ စမယ်... ဆော့ဝဲလ်ကို ဖွင့်လိုက်ပါနော်.. အောက်ကပုံပေါ့
သည်လိုကျလာမှာ ဖြစ်ပါတယ်... အပေါ်က ကင်မရာ ပုံလေးကိုကလစ်ပြီး စကြမယ်နော်..ကလစ်လိုက်ပါ
သည်လိုဖြစ်လာမယ်... သည်မှာ ရှင်းစရာတွေ များးနေမယ်... ပုံတွေ များနေမှာ မို့ တခုချင်းးသည်ပုံလေး
ကိုအဓိက နမူနာထား ရှင်းပြလိုက်မယ်နော်....
(၁)သည်လိုကျလာတာနဲ့ ဘယ်ဘက်က ကွန်ပျူတာ ဖိုင်တွေထဲက ပုံရှိတဲ့ နေရာကိုသွားလိုက်ပါ။
(၂) အဲမှာ ရှိနေတဲ့ ပု့တွေကို သူ့အောက်ကနေ ပုံလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်... ရွေးချယ်လိုက်ပါ။
(၃) ပုံရွေးပြီင်္း ရောက်နေတာနဲ့ စကြမယ်နော်... တခုချင်းးစလိုက်မယ်... လက်တွေ့ လုပ်ရင်းစမ်းသတ်ပါ။
(၄) အရေးကြီးးတာကတော့ ပုံကို စာရေးတာ ပြုပြင် ပေါင်းစပ်တာတွေအတွက် Object ကိုကလစ်ရမယ်။


(i) ပုံပေါ်စာရေးဖို့အတွက် T ဆိုတာလေးကိုကလစ်ရပါမယ်။
(ii) ပုံပေါ်ကို နောက်ထပ် ပုံတွေ ပေါင်းစပ်မယ် ထပ်ထည့်မယ်ဆို T ရဲ့အပေါ်ထောင့်က photo ဆိုတာ
လေးကိုကလစ်လိုက်ပါ ကျွန်ပျူတာဖိုင်ကျမယ် လိုရာပုံ ထပ်ထည့်မယ်...ပေါင်းစပ်မယ်ပေါ့။
(iii) Home ဆိုတာကတော့ ပုံပြီးးတာနဲ့ ဘောင်ခတ်လို့ရတဲ့ နေရာ တစ်ခု ဆိုပါတော့နော်..တခြားးတွေလည်းလုပ်လို့ရပါတယ်.. စမ်းကြည့်ပါ။
(iv) Crop ဆိုတာက ပုံတွေကို လိုအပ်တဲ့ နေရာကနေ ဖြတ်တောက်ယူတဲ့ အပိုင်းလေးပါ။
(v ) Tools ဆိုတာကလည်း လုပ်စရာတွေ များစွာ ရှိပါတယ်...
( vi) အောက်က ကြယ်ပုံတွေ လေးထောင့်ကွက်တွေ အ၀ိုင်းလေးတွေကတော့ မိမိလိုအပ်သလို အသုံးပြု
နိုင်ပါတယ်... ဥပမာ ကျွန်တော် ပုံတွေပေါ် အနီကွက်လေးတွေ မျှားလေးတွေ ပြထာ အဲထဲကပါ။
ကဲဗျာ သည်လိုဆို လုပ်ရင်းးတတ်မှာသေခြာပါတယ်... လုပ်ဆောင်ချက် မှားလို့ ပြန်ဖျက်မယ်ဆိုရင်
ညာဘက် အောက်ထောင့်မှာ Undo ဆိုတာ ကလစ်တာနဲ့ သူ့ဘာသာ ပျက်ပါတယ်...
ဆေ့တော့မယ်ဆိုတာနဲ့ အဲအောက်က Save ပေါ့ဗျာ... ဒါဆို ဇယားလေးကျလာမယ်..
သည်လိုပေါ့ အဲခါမှာ အောက်က Save As ဆိုတာကလစ်ပြီး မိမိတို့ လိုအပ်သောနေရာ ကျွန်ပျူတာ ဖိုင်ထဲမှာ ဆေ့ပြီးသိမ်းထားနိုင်ပါပြီင်္.....

ကိုလတ်(ကျွဲဆင်း)






No comments: