aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Sunday, November 10, 2013

“Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ”


မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mmကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး
ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့်www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။

No comments: