aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Thursday, November 28, 2013

WINDOWS VERSION ကို DESTOP မှာပေါ်အောင်လုပ်နည်း


Window နဲ့ပတ်သက်တဲ့ Tutorial မရေးတာကြာပြီဖြစ်လို့ သူငယ်ချင်းတို့အတွက်ဗဟုသုတရရှိစေဖို့
ဒီပို့စ်လေးကိုရေးလိုက်ပါတယ်၊ကိုယ်သုံးနေတဲ့ Window version ကို destop ရဲ့ ညာဘက်ထောင့်ဆုံးမှာပေါ်အောင် Registry သုံးပြီးလုပ်နည်းလေးပါ၊ဒီနည်းလမ်းလေးကတော့ Window 8 မှာပါအလုပ်လုပ်ပါတယ်၊ကဲ စမ်းကြည့်လိုက်ပါဦးနော်။


Start ကနေ Run ကိုဖွင့်ပါ (Windows Key + R) 
"Regedit" လို့ရိုက်ပြီး Enter ခေါ်လိုက်ပါ
Registry editor ထဲရောက်ရင်ပြင်ရမယ့် key ဆီကိုသွားပါ, KEY_CURRENT_USER\Control Panel\Desktop
ပြီးရင်ဘယ်ဘက်ခြမ်းက“Desktop” ဆိုတာကိုနှိပ်ပါ
“PaintDesktopVersion” ဆိုတာကိုနှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ
6. Dialog တစ်ခုပွင့်လာပါလိမ့်မယ်, “Value Data” ကို 0 ကနေ 1 သို့ပြောင်းလိုက်ပါ


7. Value ပြောင်းပြီးရင်စက်ကို restart ချလိုက်ပါ


Windows version ကို desktop ရဲ့ ညာဘက်အောက်ဆုံးထောင့်မှာကြည့်နိုင်ပါပြီ။အဆင်ပြေပါစေ။

Note:
Window Version ကိုပြန်ဖျောက်ချင်တယ်ဆိုရင်တော့ “Value Data" ကို 1 ကနေ 0 သို့ပြန်ပြောင်းလိုက်ပါ

No comments: