aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Monday, January 6, 2014

GOOGLE SEARCH မှာ အရှာများဆုံး စာလုံးက SEX မဟုတ် FACEBOOK ပါ


၂၀၁၃ ခုနှစ် တွင် အင်တာနက် ရှာဖွေရေး ၀န်ဆောင်မှုဖြစ်သော ဂူဂဲ၌ Facebook ဟူသော စကားလုံး ကို ရှာဖွေမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

Facebook သည် ဂူဂဲ၏ You Tube ကိုပင် ကျော်တက်ကာ လူရှာ အများဆုံး ပထမ နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ YouTube သည် ဒုတိယ လူရှာ အများ ဆုံးဖြစ်ပြီး SEX ဆို သော စာလုံးကား ရှာဖွေခံရမှု တတိယ အများဆုံး နေရာတွင် ရပ်တည် လျက်ရှိသည်။

အွန်လိုင်း ဈေးဝယ် ၀က်ဘ် ဆိုက်များ ဖြစ်သော eBay ၊ Amazion ၊ Argos တို့သည် လည်း ကမ္ဘာ တစ်ဝန်း ရှာဖွေခံရမှု အများဆုံး ထိပ်ဆုံး ဆယ်လုံး ထဲတွင် ပါဝင်ကြ သည်။

လူမှု ကွန်ရက်များ၊ အွန် လိုင်းဈေးဝယ် ၀က်ဘ်ဆိုက် များပြီး လျှင် သတင်း ၀က်ဘ်ဆိုက် များထဲ၌ ဘီဘီစီနှင့် ဒေးလီးမေး တို့သည် လူရှာ အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။

သိချင်၍ What is (ဘာလဲ) ဟူသော စကားလုံး နှင့် တွဲမေးသော မေးခွန်းများ ထဲတွင်လည်း ဖေ့စ်ဘွတ်ခ် ဆိုတာ ဘာလဲ ဟူသော မေးခွန်းသည် လူအများဆုံး မေးမြန်း သော မေးခွန်းဖြစ် ကြောင်း တွေ့ခဲ့ရ သည်။ What is Love (အချစ်ဆို တာ ဘာလဲ) ဟူသော စကားလုံး သည် ဒုတိယ လူရှာ အများဆုံး စကားလုံး ဖြစ်ခဲ့ကြောင်း လည်း သိရသည်။

မိတ်ဆွေများ နဲ့ ဆက်သွယ် ရေး၊ ဂိမ်း ကစားရေး၊ ဈေးဝယ် ထွက်ရေး၊ ဓာတ်ပုံများ ဗီဒီယိုများ ရှယ်ယာ လုပ်ရေး၊ သတင်း အချက် အလက် ဝေမျှရေးစသည့် ကိစ္စများ အတွက် ကမ္ဘာ့လူသား အများစုကြီး သည် ဖေ့စ်ဘွတ်ခ် ကို ပိုမိုအားကိုး သထက် အားကိုးလာ နေကြောင်းကို လူရှာ အများဆုံး အဖြစ် စံချိန်တင် ခဲ့ခြင်းက ထောက်ပြ လျက်ရှိသည်။

By Messenger 

Ref : http://www.myanmarcnn.com/

No comments: