aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Wednesday, January 29, 2014

WINDOW 8 PASSWORD မေ့သွားရင်


Window Password မေ့သွားရင်ပဲဖြစ်ဖြစ် Window Password မသိပဲ သုံးချင်လို့ပဲဖြစ်ဖြစ် အလွယ်တကူကျော်ဝင်နိုင်ပါတယ်...။ 

တချို့ New User တွေက ကွန်ပျူတာက Lock ကျနေလို့ Password မသိလို့ ဝင်မရပါဘူးဆိုမှ ဘယ်လို ဒေါင်းယူပြီး ဘယ်လိုလုပ်ရမှာလဲ ဆိုပြီးပြောလာတာမျိုး ကြုံဖူးပါတယ်.. ဟုတ်ပါတယ် အဲ့ဒီ ကွန်ပျူတာကတော့ ဘာမှ လုပ်ရသေးမှာ မဟုတ်ပါဘူး Window အသစ် ပြန်တင်ဖို့ပဲ လုပ်လို့ရမှာပါ.. တကယ်တော့ တခြားကွန်ပျူတာကနေပဲဖြစ်ဖြစ် (သို့) အင်တာနက်ဆိုင် တစ်ဆိုင်ကနေပဲဖြစ်ဖြစ် Software ကို ဒေါင်းယူ ပြီးအောက်မှာပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ပေးရမှာပါ..။

ဒီနည်းလေးက Windows 8 /8.1 , 7 , Vista , XP တွေ အားလုံးမှာ Support လုပ်ပါတယ်..။

နည်းလမ်းကတော့..

အရင်ဆုံး ဒီ iSunshare Windows Password Genius ဆိုတဲ့ Tool လေးကို Download ချပါ..(Fullversion မဟုတ်လည်း ပြဿနာမရှိပါဘူး)

ဒေါင်းလို့ရလာတဲ့ isunshare windows password genius advanced.exe ဖိုင်လ်လေးကို Clickနှစ်ချက်နဲ့ Run ပြီး ကွန်ပျူတာမှာ Install ပေးလိုက်ပါ..

မိမိမှာ USB Stick အဆင်သင့်ရှိရင် စက်မှာ တပ်ထားပြီး (မိမိ USB Device က H,G,J စ,တဲ့ နာမည်အမျိုးမျိုးနဲ့ ရှိနေမှာပါ တစ်ခုခုကိုရွေးပါ) USB device ကိုနှိပ်လိုက်ပါ သူ့ဘာသာသူ Burn နေပါလိမ့်မယ်.. 


(CD/DVD ရှိရင် CD/DVD ကို နှိပ်ပြီး Burn ပါ) 


Burning Successfully ပြလာရင် ကွန်ပျူတာကို Restart ချပါ... Window မတတ်ခင် မိမိစက်နဲ့ သက်ဆိုင်တဲ့ Key တစ်ခုခုကို နှိပ်ပေးပြီး BIOS Setting ကို ဝင်ပါ .. Boot Option နေရာကိုသွားပြီး First Boot Device မှာ USB (or) CD/DVD တစ်ခုခုကို ရွေး Enter ခေါက် F10 နဲ့ Save လုပ်လိုက်ပါ..



Window တတ်လာရင် "Reset Password" ကိုနှိပ်လိုက်ပါ..User နဲ့ Password ကို Change ချင်ရင်လည်းAdd User ကို နှိပ်ပြီး နှစ်သက်တာ ထည့်ပေးနိုင်ပါတယ်..။



Reboot ကို ထပ်နှိပ်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..

Window ပြန်တတ်လာတဲ့အခါ Password ထည့်ပေးစရာမလိုတော့ပဲ Auto ပွင့်လာပါလိမ့်မယ်.. တကယ်လို့Password တောင်းခဲ့ရင်လည်း ကြိုက်တဲ့ Password ရေးထည့်ပေးပြီး ကွန်ပျူတာကို ဖွင့်နိုင်ပါတယ်..။ USB တစ်ချောင်းမှာထည့်ပြီးဆောင်ထားနိုင်ရင်ပိုကောင်းပါတယ် သူငယ်ချင်းစက်မှာဖြစ်ဖြစ် စက်တစ်ခုခုမှာဖြစ်ဖြစ် အလားတူပြဿနာမျိုးဖြစ်ခဲ့ရင်အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်.. ။။

အဆင်မပြေတာ , မရှင်းတာမျိုးရှိရင် ဒီလက်တွေ့ Video လေးကို ကြည့်ပြီး လုပ်နိုင်ပါတယ်..။

ဒိထက် အဆင်ပြေ လွယ်ကူစေမဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်.. :) 


ဝင်းကမ္ဘာကျော်

No comments: