aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Saturday, March 1, 2014

windows 7 တွင် folder များကို အသစ်ဆောက်တိုင်း ကိုယ့်စိတ်ကြိုက် icon လေးဖြစ်နေအောင် လုပ်နည်း



မင်္ဂလာပါ။ ဒီနေ့ သယ်ချင်းတို့ကို windows Default folder icon ပြောင်းနည်းလေးပြောပြမှာဖြစ်ပါတယ်။ သိပြီးသားသူတွေ ကျော်သွားပေါ့ဗျာ။ မသိသူများအတွက်သာ ပညာတစ်ခု တိုးစေလိုသော ရည်ရွယ်ချက်ဖြစ်ပါတယ်။
Windows Default folder icon လေးက အ၀ါရောင်လေးဖြစ်ပါတယ်။ အဲဒါကို နောက်တစ်ခါ new folder ဆောက်ရင် အ၀ါရောင် မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ icon လေးဖြစ်နေအောင် ပြောင်းနည်းလေးဖြစ်ပါတယ်။
အရင်ဆုံး ကိုယ်ကြိုက်တဲ့ folder icon လေးတွေ ဒေါင်းထားဖို့ လိုအပ်ပါတယ်။ folder icon လေးတွေဒေါင်းရန်www.deviantart.com မှာရှာလိုက်ပါ။ အပေါ်ဆုံးက search box မှာ folder လို့ရိုက်ပြီး ရှာလိုက်ပါ။ ဒေါင်းချင်ရင် ညာဘက်မှာ Download button လေးရှိပါတယ်။ filesize နဲ့ ပြပေးထားပါတယ်။ အဲဒီ button လေးကို နှိပ်ပြီး ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင် Win key+R ကိုနှိပ်ပြီး
Run box ကျလာရင် regedit လို့ရိုက်ပါ။
HKEY_LOCAL_MACHINE>Software>Microsoft>Windows>CurrentVersion လို့သွားလိုက်ပါ။
CurrentVersion ထဲမှာ Explorer လို့တွေရင် click ပေးလိုက်ပါ။



ပုံထဲကအတိုင်း ညာဘက် လွတ်တဲ့နေရာမှာ Right-click ထောက်ပြီး New>key ကိုရွေးပါ။


ဘယ်ဘက်လေးမှာ folder လေးကျလာရင် Shell Icons ဆိုပြီး နာမည်ပေးလိုက်ပါ။ ပြီးရင် Shell Icons ကို Selection ပေးပြီး ညာဘက် လွတ်တဲ့နေရာမှာ Right-Click ထောက်ပြီး New>String Value ကိုရွေးပေးပါ။ နာမည်ကို 3 လို့ပေးပါ။ အောက်က ပုံလေးပါ။


အဲဒီ 3 လေးမှာ Right Click ထောက်ပြီးတော့ Modify ကိုရွေးပါ။ ကျလာတဲ့ box လေးမှာ Value Data မှာ
ကိုယ်ထားမည်း Icon လမ်းကြောင်းလေးရွေးပါ။အောက်ကပုံလေးပါ။


အဲလိုလေး ကူးထည့်လိုက်ပေါ့။ အဲဒီလမ်းကြောင်းနောက်မှာ \ လေးခံပြီး ကိုယ်ထားမယ့် Icon နာမည်နဲ့ ကျွန်တော့်ပုံထဲကလို Alien Folder ကိုထားမယ်ဆိုရင် \Alien Folder.ico ဆိုပြီးထည့်ပေးပါ။ ပြီးရင် OK နဲ့ ထွက်ပါ။ Computer ကို Log Off ဒါမှမဟုတ် Restart ချလိုက်ပါ။ Computer ပြန်တက်လာရင် New Folder ဆောက်ကြည့်ပါ။ ပုံစံလေး ပြောင်းသွားပါလိမ့်မယ်။
အဆင်ပြေပါစေ။


www.aungkyaw.netရှားလော့ဟုမ်း (ဆော့ဝဲလ်မြို့တော်)

No comments: