ဘာကြောင့် ကျွန်တော်တို့ Google Map ထဲမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းလိပ်စာထည့်သွင်းရသလဲ….
Google ဆိုသော Search Engine ကြီးဆိုတာ မြန်မာတစ်နိုင်ငံတည်းတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးက သုံးဆွဲနေကြတာပါ.. ဒီလို ကမ္ဘာနှင့်တလွှားသုံးနေကြတဲ့ Google Search Engine ကနေတဆင့်ခွဲထွက်
ထားသော Google Map Services ဆိုတာကလည်း တစ်ကယ်တမ်း အသုံးပြုကြတာကတော့ မိမိသိချင်တဲ့ မြေပုံတွေ၊ လမ်းလိပ်စာတွေ
လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ အသေးစိတ် Traffice Route,Settelite Route, Map Route စသဖြင့် အသေးစိတ်ဖော်ပြမှုတွေနှင့်
အတူ သင်ရှာလိုသော လုပ်ငန်းလိပ်စာ၊ တည်နေရာ၊ စတာတွေကို အလွယ်တကူရှာဖွေလို့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့နှင့်ပတ်သက်သော လုပ်ငန်းလိပ်စာတွေကို ဒီ Google Map ထဲမှာ နေရာအသစ်ထည့်ထားခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းလိပ်စာရဲ့တည်
နေရာတွေကို Internet မှတဆင့် အလွယ်တကူရှာဖွေလို့ရမှာဖြစ်ပါတယ်။
ကဲ ... စလိုက်ရအောင်..
အရင်ဆုံး Browser ရဲ့ Address Bar မှာ

www.google.com/mapmaker လို့ရိုက်လိုက်ပါ။ပြီးသွားရင်တော့

သင့် Mail Account ကို အရင် Sign In လုပ်လိုက်ပါ။

ဒီနောက် အထက်ပါပုံအတိုင်း သင်ထည့်မည့် သင့်လုပ်ငန်း
လိပ်စာအား အရင်ဆုံး Search Box အတွင်း အနီးစပ်ဆုံး ရှာဖွေပီး Enter ခေါက်လိုက်ပါ။ ထို့နောက်မှာတော့ သင်
ရှာဖွေလိုက်တဲ့ လပ်စာက အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်

ဒီအခါမှာ သင်က သင့်လုပ်ငန်းနေရာကို မြေပုံမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့် သင့်လုပ်ငန်းလိပ်စာရှိတဲ့နေရာကို Pointer လေးကို ဆွဲရွှေ့သွားရမှာဖြစ်ပါတယ် ဒီနေရာမှာတစ်ခုပြောချင်တာက အရင်ပုံမှန်အတိုင်း Map ရှာသလိုမျိုး Mouse ကိုဖိပီးရှာလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သ်င့်ရဲ့ Click တစ်ချက်က
သင့်လုပ်ငန်းနေရာကိုသတ်မှတ်မှာဖြစ်လို့ပါ။ ဒါကြောင့် Pointer လေးကိုသာ
ရွှေ့သွားရမှာဖြစ်ပါတယ်။

ဒီနောက် သင် Add လုပ်မယ့် သင့်လုပ်ငန်းလိပ်စာနေရာကိုတွေ့ပီဆိုရင် မျှားအနီလေးပြထားတဲ့ နေရာက Add New ကို အရင်နှိပ်ပါ။ ပီးသွားရင်တော့ Add a Place ဆိုတာကို ထပ်နှိပ်ပါ။ဒီနောက်မှာတော့ သင့်လုပ်ငန်း
နေရာအတိအကျကို Click ထောက်လိုက်ပါ။

ဒီလိုထောက်ပီးသွားပီဆိုရင်တော့ အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်

ဒါကတော့ သင့်လုပ်ငန်းရဲ့ လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရတဲ့အပိုင်ဖြစ်ပါတယ်။ သင့်စိတ်ကြိုက်သတ်မှတ်ပါ။ ထိုနောက် အောက်မှာ
ပြထားတဲ့ ပုံအတိုင်း

သင့် လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါ။ဒီနောက် Add Place လုပ်လိုက်ပီဖြစ်
တဲ့အတွက်ကြောင့် Loading ဆွဲနေပါလိမ့်မယ် ။ ပီးသွားရင်တော့အောက်
ပါပုံအတိုင်း

ဘယ်ဘက်ခြမ်းတွင် သင့်လုပ်ငန်းအတွက် လိုအပ်သော Data များကိုဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ လိုအပ်ချက်များကိုဖြည့်စွက်ပီးတဲ့အခါမှာတော့ Save ဆိုတာကိုနှိပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခါတစ်လေ
Error ပြပါတယ်။ ဆိုလိုတာက အခုလက်ရှိ နာမည်နဲ့ Add a Place လုပ်လို့မရဘူးဆိုပီး ပြပါတယ် အပေါ်နားလေးမှာပေါ့။ အဲဒီ Message မှာပဲ Skip လုပ်တဲ့ Check Box လေးရှိပါတယ် အဲဒီကောင်လေးကို
အမှန်ခြစ်လေးခြစ်ပေးပီးတော့ ထပ်မံ Save လုပ်လိုက်ပါ။ဒါဆိုရင်တော့ Add a Place လုပ်ပီးသွားလို့ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်

သင့်လုပ်ငန်းကို Google Map Services ကနေ အတိအကျ ရိုက်ပီး ရှာဖွေတဲ့အခါမှာလည်း အောက်ပါပုံအတိုင်းဖော်ပြနေမှာဖြစ်ပါတယ်။

ဒီနေရာမှာထပ်ပီး Zoom ဆွဲကြည့်တဲ့အခါ နေရာလွဲနေသေးပါက A ဆိုတာလေးကို Click ထောက်ပီး မိမိစိတ်ကြိုက်နေရာသို့ Drag ဆွဲသွားလို့ရပါတယ် အောက်ပါပုံအတိုင်ပေါ့

ပြီးသွားရင်ဆိုရင်တော့ Continue ကိုသာနှိပ်လိုက်ပါ။ဒါဆိုရင် သင့်လုပ်ငန်းနာမည်နဲ့ လိပ်စာ၊ ဆက်သွယ်ရမယ့် အချက်အလက်တွေက Google Map ပေါ်ရောက်ရှိသွားပီဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
Ref: အာရှ သား
3 comments:
လုပ်ငန်းလိပ်စာကိုထည့်သွင်းတာအဆင်မပြေပါသဖြင့်ထည့်သွင်းရန်တစ်ခြားနည်းလမ်းရှိရင်လမ်းညွှန်ပေးပါ။
ဖြုတ်နည်းလေး အဆင်မပြေလို့ ကူညီပါ
mobile phoneနဲ့လုပ်လို့ရလားဆရာ အလင်းပြပေးပါအုးံ
Post a Comment