aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Thursday, March 13, 2014

မြန်မာ့ရုပ်မြင်သံကြား ဒီဂျစ်တယ်စက် တစ်သိန်းကျော် ယခုလတွင်း အခမဲ့ ဖြန့်ဝေသွားမည်


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)အစီအစဉ်များကို ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာ တွင် ဖမ်းယူနိုင်မည့် DVBT2 Set Top Box အလုံးရေတစ်သိန်းကျော်ကို ပြည်နယ်နှင့် တိုင်းများသို့ မတ် လအတွင်း အခမဲ့ ဖြန့်ဖြူးပေးသွားမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးဦးဝင်းကြည် က မတ်လ ၉ ရက်တွင် ပြောသည်။

“ဖြန့်ဝေနိုင်ဖို့နဲ့ စာရင်းကောက်ယူခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဘာမှမကိုင်တွယ်ဘူး။ အစိုးရအဖွဲ့ ရဲ့စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တို့ကို ဆက်ဖြန့်သွားမယ်”ဟု ပြောသည်။

ဒီဂျစ်တယ်စက် အလုံးရေတစ်သိန်းကျော် ဖြန့်ဝေပေးရာတွင် တောင်ငူတွင် ၁၀,၂၀၂ လုံး၊ ဘားအံသို့ ၃,၆၇၈ လုံးနှင့် မော်လမြိုင်တွင် ၁၈,၀၀၂ လုံး၊ ပုသိမ်မြို့တွင် ၇,၃၈၆ လုံး၊ ကျောင်းကုန်းမြို့နယ်တွင် ၂၇,၉၆၉ လုံး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် ၂၆,၆၀၇ လုံး၊ မုံရွာတွင် ၁၄, ၂၆၁ လုံးအစရှိသဖြင့် ၁၀၈, ၁၀၅ လုံးကို အခမဲ့ဖြန့်ဖြူးပေးမည် ဖြစ်သည်။

ဆီးဂိမ်းကာလအတွင်းက သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် DVBT2 Set Top Box ဖြန့်ဝေရာ ရန်ကုန်တိုင်းတွင် ၈,၀၀၀၊ မန္တလေးတိုင်းတွင် ၅,၀၀၀၊ စစ်ကိုင်းတိုင်းတွင် အလုံးရေ ၃,၀၀၀၊ နေပြည် တော်တွင် အလုံးရေ ၃,၀၀၀ အပါအ၀င် စုစုပေါင်းလုံးရေ၂၀,၀၀၀ ကျော်ဖြန့်ဝေခဲ့ပြီး တစ်နိုင်လုံးသို့ အ လုံးရေ ၃၀၀,၀၀၀ ကျော်အထိ ဆက်လက်ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် DVBT2 (Digital Video Broadcasting Teresstrial)စနစ်ဖြင့် စတင်ထုတ်လွှင့် နေပြီဖြစ်သည်။ 

Mizzima

1 comment:

dagnanavaillant said...

Casino de las vegas resort casino and sportsbook
Experience sports 경기도 출장안마 betting in Las Vegas, Nevada. The 태백 출장마사지 sportsbook has several table games, including football, basketball, baseball, Jan 14, 김포 출장마사지 2022NFL Week 구리 출장마사지 14 OddsMon, Dec 13Club Leon v Atlas 경주 출장샵 FcMon, Dec 13Chicago Bears v Green Bay