aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Thursday, March 13, 2014

ဇာတ်ကားတွေကို မြန်မာစာတန်းထိုးမယ်




နိုင်ငံခြားဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်လိုသူများအတွက် စာတန်းအလွယ်ထိုးနည်းကို တင်ပြပေးပါ့မယ်။ ကျွန်တော့်တုန်းက ကျွန်တော့်ကိုသင်ပြပေးတဲ့သူ ဘယ်သူမှမရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လျှောက်ရှာရင်း ကလိရင်း တတ်ခဲ့တာပါ။ ပင်ပန်းပါတယ်။ ဘာမဟုတ်တဲ့အရာလေးကို သိဖို့ပဲ နာရီပေါင်းများစွာ ရှာဖွေရပါတယ်။ ကျွန်တော့်လိုမျိုး မဖြစ်ရအောင် ကျွန်တော်သိထားသမျှ မချွင်းမချန် တင်ပြပေးပါ့မယ်။ 


နိုင်ငံခြားဇာတ်ကားတွေရဲ့ စာတန်းထိုးတွေ တင်ပေးတဲ့ ဝက်ဘ်ဆိုဒ်တွေကတော့ အများကြီးပါ။ အဲဒီထဲကမှ subscene နဲ့ opensubtitles တို့က ပြည့်စုံပါတယ်။ subscene က အသုံးပြုရတာ လွယ်ပါတယ်။ ရိုးရှင်းတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့မှာပဲ ရှာပါတယ်။


အရင်ဆုံး subscene ကိုနှိပ်ပါ။ သူ့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါလိမ့်မယ်။



ပုံမှာပေါ်နေတဲ့အတိုင်း search box လေးမှာ ကိုယ်ရှာချင်တဲ့ ဇာတ်ကားနာမည်ကို ရိုက်ထည့်ပြီး ရှာယူဒေါင်းလို့ရပါပြီ။ အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က နည်းနည်းလောက်လေး ထပ်ပြီးပြောပြချင်ပါသေးတယ်။




ပုံမှာ မြှားပြထားတဲ့နေရာဘေးမှာ All Languages ဆိုပြီး ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ စာတန်းထိုးဖိုင်တစ်ခုကို ရှာလိုက်ရင် ရှိရှိသမျှ ဘာသာစကားအားလုံးနဲ့ ဖော်ပြပေးပါတယ်။ ကျွန်တော်ကတော့ ကြည့်ရတာ မျက်စိရှုပ်လို့ ပြန်ပြင်လိုက်ပါမယ်။ ပုံမှာမြှားပြထားတဲ့အတိုင်း Edit ကိုနှိပ်ပါ။




ပုံထဲကလို ဘာသာစကားတွေအများကြီးနေရာမှာ Burmese နဲ့ English ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။ ဒါဆိုရင် နောက်တစ်ခါ ကိုယ်ရှာတဲ့အခါ အဲဒီဘာသာစကားနှစ်မျိုးကိုပဲ ပြပါတော့မယ်။ တခြားဟာတွေမပါတော့ပါဘူး။ မျက်စိနောက်သက်သာသွားပါမယ်။ ကျွန်တော် နမူနာဖိုင်တစ်ခု ဆွဲပြပါ့မယ်။ Frozen ဆိုတဲ့ဇာတ်ကားလေးကို ရိုက်ရှာလိုက်ပါ။ ပုံထဲကလိုမျိုး မြန်မာနဲ့ အင်္ဂလိပ်နှစ်ဘာသာစာပဲ ပြတော့တာကို တွေ့ရမှာပါ။ 




မြန်မာစာတန်းထိုးဖိုင်ကိုဆွဲပါမယ်။ ဖိုင်ကိုနှိပ်လိုက်ပါ။ 
ပီးရင် Download Subtitle ဆိုတာကို နှိပ်ပြီး ဒေါင်းယူနိုင်ပါပြီ။




ဇာတ်ကားတစ်ကားရဲ့ စာတန်းထိုးဖိုင်လုပ်ရတာ ပင်ပန်းပါတယ်။ ကျွန်တော်လည်း ဘာသာပြန်ပြီး အဲဒီဝက်ဘ်ဆိုဒ်မှာပဲ တင်ပါတယ်။ ကျွန်တော့်လိုပဲ လုပ်ပေးကြတဲ့သူတွေလည်း အများကြီးပါ။ ကျွန်တော်ရှာကြည့်သလောက် ၁၀ ယောက်လောက်ရှိပါတယ်။ အဖိုးအခ တစ်ပြားမှမရဘဲ သူများတွေကြည့်နိုင်အောင် လုပ်ပေးကြတဲ့သူတွေကို ကူညီတဲ့အနေနဲ့ အဲဒီဝက်ဘ်ဆိုဒ်မှာ register လုပ်၊ Log In ဝင်ပြီးတော့မှ စာတန်းထိုးဖိုင်ကို ဒေါင်းယူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။





အဲသလို Log In ဝင်ပြီးတော့မှ ဒေါင်းရင် ပုံထဲကလို Download Subtitle ဘေးမှာ Good ရယ် Bad ရယ် ဆိုပြီး ပေါ်နေတာ တွေ့ရမှာပါ။ အဲဒါက rating ပေးတာပါ။ rating လေးတွေ ပေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ကဲ...ဒါဆိုရင်တော့ စာတန်းထိုးဖိုင် ဒေါင်းတာပြီးပြီ။ ဇာတ်ကားကြည့်ဖို့အတွက် ဆက်လှုပ်ရှားကြရအောင်။


အရင်ဆုံး ခုနကဆွဲထားတဲ့ rar ဖိုင်လေးကို ဖြည်လိုက်ပါ။ ပြီးရင် ဇာတ်ကားနဲ့ စာတန်းထိုးဖိုင်ကို Folder တစ်ခုတည်းမှာ ထည့်ထားပါ။ နာမည်ကိုလည်း တူအောင်ပြောင်းပေးထားပါ။ ပုံမှာလိုင်းတားထားပါတယ်။




ကျွန်တော် VLC Player နဲ့ဖွင့်ပြပါ့မယ်။ အရင်ဆုံး VLC Player ကိုဖွင့်လိုက်ပါ။ 




ပုံမှာ မြှားပြထားတဲ့ Tools ဆိုတာကို နှိပ်လိုက်ပါ။ အဲဒီထဲက Preferences ဆိုတာကို ထပ်နှိပ်ပါ။ အောက်ကလိုပုံမျိုးလေး ပေါ်လာပါလိမ့်မယ်။




Subtitles & OSD ဆိုတာကို ရွေးပေးလိုက်ပါ။ ပြီးရင် ဖောင့်ကို Zawgyi (ဒါမှမဟုတ်) Win Innwa ပြောင်းပေးလိုက်ရင် ရပါပြီ။
ပြီးရင် ဗီဒီယိုဖိုင်ကိုဖွင့်လိုက်တာနဲ့ မြန်မာစာတန်းထိုးလေးတွေနဲ့ သာယာသွားပြီပေါ့။




GOM Player သုံးပြီးတော့ ဖွင့်တာနဲ့ ပတ်သက်လို့ ပြောပြချင်တာလေးတွေ ရှိပါသေးတယ်။ ဒီပို့စ်က တော်တော်ရှည်နေပြီဖြစ်တဲ့အတွက် ပို့စ်အသစ်ရေးပြီး တင်ပေးပါ့မယ်။


အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ။


ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

No comments: