

မြန်မာဖောင့် အော်ဒီဂျင်နယ် ပါဝင်ပြီးသား ဖုန်းတွေမှာပဲရပါတယ် ။
မြန်မာဖောင့်မှန်မှ မြန်မာစာနစ်မှန်မယ်လို့ထင်ပါတယ် မြန်မာစာမမှန်တဲ့ဖုန်းကို မစမ်းရသေးလို့ပါ ။
မိမိလုပ်လိုသော ဖုန်းအမျိုးအစားမှာ မြန်မာဖောင့်သာပါဝင်ပြီး မြန်မာစာစနစ်ပါတဲ့ 1 GB ကျော်ဖန်ဝဲကို ဒေါင်းရမှာအဆင်မပြေတဲ့သူများကတော့ မြန်မာစာစနစ်ရအောင် ကိုယ့်ဖုန်းရဲ့အထဲမှာ အောက်ကနည်းအတိုင်း မြန်မာစာစနစ်ပါအောင် လုပ်ဆောင်နိုင်ပါတယ် ။
မြန်မာဖောင့်ပါဝင်လာတဲ့ဖုန်းတွေရဲ့ Language ထဲမှာ Myanmar ( Zawgyi ) ပါဝင်ပြီးသားပါ စမ်ဆောင်းက Hide လုပ်ထားတာပါ ။
" ပြန်ဖော်ချင်ရင် "
ပုံထဲကအတိုင်း စာလေး 2 လုံးကိုဖြည့်ပေးလိုက်ယုံပါပဲ

မိမိဖုန်းကို Root လုပ်လိုက်ပါ ။
ပြီးရင် Root Explorer ဆော့ဝဲထဲဝင်လိုက်ပါ system >>> CSC >>> အပေါ်နားက ( R/W ) ဆိုတာလေးကို ( R/O ) လို့ ပြောင်းလိုက်ပါ >>> ပြီးရင် Language.xml ဆိုတဲ့ ဖိုင်လေးကို အကြာကြီးဖိထားလိုက်ပါ Open in Text Editorဆိုတာကိုရွေးလိုက်ပါ ။
ပြီးရင် ပုံမှာ ဝိုင်းပြထားသည့်အတိုင်း စာလေးကို ဖြည့်ပေးလိုက်ပါ ။
ပြီးသွားရင် ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။
ဖုန်းစက်တင်ထဲသွားပြီး Language ထဲဝင်ကြည့်လိုက်ပါ Myanmar ( Zawgyi ) ဆိုတာလေး ပေါ်လာနေပါပြီ ရွေးလိုက်တာနဲ့ ဖုန်းတစ်ခုလုံး မြန်မာစာနစ်ပြောင်းလဲသွားပါမယ် ။
ပြီးရင် မိမိဖုန်းထဲက စမ်ဆောင်းကီးဘုတ်စက်တင်ထဲကို ဝင်လိုက်ပါ ပြီးရင် Select input Languages ထဲဝင်လိုက်ပါ ။ Myanmar ( Zawgyi ) ဆိုတာလေးပေါ်နေတာကိုတွေ့ရပါမယ် ရွေးပေးလိုက်ပါ စမ်ဆောင်းကီးဘုတ်မှာ စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ပါ သင်အသုံးပြူနိုင်ပါပြီ :)

No comments:
Post a Comment