လူ့လောကတွင် စာပေပေါ်သည်မှစ၍ လူတို့သည် စာဖတ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ စာကမကွဲပြားသော်လည်း စာဖတ်နည်းကွဲပြားလျှင် စာ၏အဓိပ္ပာယ်နှင့် သိနားလည်မှုလည်းကွဲပြားပါလိမ့်မယ်။ ထို့ကြောင့် စာဖတ်သည့်အခါ မိမိဖတ်သောစာ၏ အနက်အဓိပ္ပာယ်ကို သိနားလည်အောင် ဖတ်မှတ်ရန်လိုအပ်ပါသည်။