ပြည်တွင်း Mobile Banking ဝန်ဆောင်မှု ပထမဦးဆုံးအနေဖြင့် သမဝါမဘဏ်မှ စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ မိုဘိုင်းဖုန်းရှိရုံဖြင့် အဆိုပါ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့ကို ယူဆောင်ကာ နီးစပ်ရာ သမဝါယမဘဏ်ခွဲတွင် သွားရောက် မှတ်ပုံတင် ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။