aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Showing posts with label http://aungthwinoo.blogspot.com/2014/02/software.html. Show all posts
Showing posts with label http://aungthwinoo.blogspot.com/2014/02/software.html. Show all posts

Wednesday, February 5, 2014

SOFTWARE (ဆော့ဖ်ဝဲ) တွေကို နောက်ဆုံးပေါ် အဆင့်မြှင့်ထားခြင်း



ကွန်ပျူတာ ပရိုဂရမ်တွေဟာ တစ်ခါတရံ ကျယ်ပြန့်ပြီး ရှုပ်ထွေးလှတယ်။ ပုံမှန် အသုံးပြုနေတဲ့ ဆော့ဖ်ဝဲ တစ်ချို့မှာ သတိမထားမိတဲ့ ချို့ယွင်းချက်တွေ မလွဲမရှောင်သာ ပါလာတတ်ပြီး အဲဒီ ချို့ယွင်းချက် တချို့က ကွန်ပျူတာရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်။ ဒါပေမဲ့ ဆော့ဗ်ဝဲ စီစဉ် ရေးဆွဲသူတွေက အဲဒီ ချို့ယွင်းချက်တွေကို အမြဲတမ်း စစ်ဆေးနေကြပြီး ချို့ယွင်းချက်တွေကို ပြင်ဆင်ထားတဲ့ မွမ်းမံချက်တွေကို ထုတ်ပြန်ပေးနေကြတယ်။ အဲဒါကြောင့် ကွန်ပျူတာထဲက ဆော့ဖ်ဝဲ အားလုံးနဲ့ operating system ကို မကြာခဏ မွမ်းမံပေးဖို့ လိုအပ်တယ်။