aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Wednesday, December 4, 2013

ဗုဒ္ဓဘာသာနှင့် ကိုးကွယ်ယုံကြည်မှုများ အပိုင်း(၁)


ဗုဒ္ဓဘာသာဝင် အတော်များများက တကယ့် ကိုးကွယ်ရာစစ်တွေကို
ပစ်ပယ်ထားတတ်ကြပြီး ဘာမှ မဆီမဆိုင်တဲ့ ယုံကြည်မှုတွေနဲ့
အခြားသော အရာတွေကို ကိုးကွယ်နေကြတာများပါတယ် ။
ကျွန်တော်လည်း ငယ်ငယ်က အမေက နတ် ကို ရှိခိုး ဆိုလို့ ရှိခိုးခဲ့
အမွှေးတိုင် ထွန်း ဖယောင်းတိုင် ထွန်းခဲ့ဖူးပါတယ် ။ အခု ကျွန်တော် ကြီးလာတော့
ဒါတွေဟာ ငါအမှားလုပ်ခဲ့တာပါလားလို့ သိခဲ့လို့ လုံးဝမလုပ်တော့ပါဘူး။
၃၇မင်း နတ်ဆိုတာ တကယ်တော့ အယူတိမ်းလို့ နတ်စိမ်းဖြစ်ကြတာ ကိုးကွယ်ရမှာမဟုတ်ပါဘူး
ပသ ရမှာပါ အဓိက ကိုးကွယ်ရမှာက ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာတွေပါ ။
ကိုးကွယ်တာနဲ့ ပသတာနဲ့ မတူပါဘူး ပသတယ်ဆိုတာ "ချစ်လို့ ခင်လို့ ကျွေးမွေးခြင်း
စောင့်ရှောက်ခြင်း"ကို ပြောတာပါ ။ ၃၇ မင်းနတ်စိမ်းတွေက မိမိကို ဘာမှ တိုးတက်အောင်
ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး ။ အန္တရာယ်ကင်း ဘေးကင်းအောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို
လက်ခံပါတယ် ဒါကလည်း ဥပမာ ပြောရရင် ကျွန်တော့်အိမ်မှာ ခွေးလေးတစ်ကောင်
မွေးထားမယ်ဆိုရင် ညဘက်အိမ်ကို သူခိုးကပ်ရင် သူဟောင်ပေးမယ် ကိုက်ပေးမယ်
ဒီလိုမျိုး သဘောပါ ။ ကျွန်တော်တို့က ချစ်လို့ သနားလို့ သူတို့ကို ကျွေးမွေးထားမယ်
ဆိုရင်လည်း သူတို့ကလည်း ကျွန်တော်တို့ကို ချစ်လို့ သူတို့တတ်နိုင်သလောက်
စောင့်လျှောက်မှာပါ ။ ပြောချင်တာက မိမိရာထူးတတ်ဖို့ ငွေကြေးချမ်းသာလာဖို့
သူတို့ ဘယ်နည်းနဲ့ဆောင်ရွက်ပေးနိုင်မလဲပါ ။ တကယ်တော့ ၀ိညဉ်သာရှိတဲ့
နတ်စိမ်းတွေက ဘာများ လုပ်ပေးနိုင်မှာလဲ? အသိဥာဏ်ရှိသော သူများဆို
စဉ်းစားသင့်ပါတယ် ။ ဗုဒ္ဓမြတ်စွာဘုရား ဟောပြောတဲ့ တရားစာအုပ်တွေကို
အချိန်ပေးဖတ်မယ် ဘုန်းကြီးဟောတဲ့ တရားတွေ နာမယ် တော့ မရှိကြပါဘူး
နတ်ပွဲလို့ သတ်မှတ်ထားတဲ့ အချိန်ကုန် ငွေကုန် အလုပ်ကြတော့ လုပ်တတ်ကြပါတယ်။
ကိုယ့်ရွာ ကိုယ့်ဒေသက ဘုရားဟောင်းတွေ ဘုန်းကြီးကျောင်းအပျက်တွေကျတော့
ပြုပြင်မယ် လှူမယ် မရှိဘူး နတ်ကတဲ့ နတ်ကတော်တွေကျတော့
ဆင်တံဆိပ် ငါးထောင်တန်တွေ ပလူပျံအောင် ကန်တော့ကြပါတယ် ။
ဒါတွေဟာ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် သူတို့ကိုယ် သူတို့ ရူးနေတယ် ?
မှားနေတယ်လို့ မသိတဲ့အပြင် ဂုဏ်တောင် ယူကြပါတယ်။ ဒီကြားထဲ နတ်အပြင်
ဘိုးတော်၊ ကွင်းပိုင် ၊ သိုက်ဆရာ ဒါတွေကလည်း အပိုပါလာပြန်ပါတယ်။ 
အမှန်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အယူမှားတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာတွေ
အရမ်းကို များပါတယ် မိဘက ကိုးကွယ်လာလို့ ဘုရားရှိခိုး ကျောင်းသွား
အလှူလုပ်နေတာပဲရှိတာပါ တကယ်တမ်း မိမိကိုးကွယ်တဲ့ဘာသာကို
စမ်းစစ်ပြီး ဘယ်အချက်တွေက မှန်လဲ မှားလဲ ဝေဖန်မှုမရှိကြပါဘူး ။
အများစုက မိန်းမတွေပါ ယောကျာ်းတွေက အယုံလွယ်မှုနည်းပါတယ်
ကျွန်တော့်အမေကိုယ်တိုင် နတ်ကို ကိုးကွယ်နေပါတယ် ဒါပေမယ့် ကျွန်တော့်အဖေ
နဲ့ကျွန်တော်က တားလို့ အခု အိမ်မှာ ဘယ်နတ်မှမရှိတော့ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် မသိခင်မှာ မှားတာက လူမှားပါ သိပြီးရင်တော့ ပြင်ကြဖို့လိုပါတယ်
သိရဲ့သားနဲ့ မိမိရဲ့ ရားထူး ၊ ဥစ္စာ ၊ ဂုဏ်ဓန တွေကို မက်လို့
မိမိရဲ့ သရဏဂုံတော့အပျက်မခံကြပါနဲ့ဗျာ ။ 


ဆက်ပါအုံးမည် 


အောင်ကျော်ခိုင်(ပုသိမ်) www.aungkyaw.net
25.11.2013

No comments: