aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Saturday, December 7, 2013

အရောင်စုံ GALAXY NOTE 3 တွေ မကြာခင် ရတော့မည်


မကြာသေးခင်ကပဲ ထွက်ရှိထားတဲ့ Galaxy Note 3 စမတ်ဖုန်းကို Samsung မှ အရောင်အမျိုးမျိုးနဲ့ ဗားရှင်းအသစ်တွေ ထုတ်လုပ်လိုက်ပါပြီ။ အနီရောင်(Merlot Red), ရွှေရောင်ဖျော့ဖျော့ (Rose Gold), Rose Gold Black နဲ့ ပန်းရောင်၊ အဖြူရောင် စသဖြင့် ပုံမှာတွေ့ရတဲ့အတိုင်း လိုချင်စရာ အရောင်လေးတွေပါပဲ။

ရွှေရောင်စမတ်ဖုန်းတွေ ခေတ်စားနေတဲ့အချိန်မှာ Samsung ကလည်း အားကျမခံ ၎င်းတို့ရဲ့ နောက်ဆုံးထွက် ဖုန်းကို ရွှေရောင်ဗားရှင်းနဲ့ ထုတ်လုပ်လိုက်တာပါ။ Note 3 လို ယခုလို အရောင်မျိုးစုံနဲ့ ထုတ်လုပ်လိုက်တော့ ပိုမိုထူးခြားလှပသွားတဲ့အပြင် Galaxy Gear စမတ်နာရီနဲ့လည်း ပိုမိုလိုက်ဖက်သွားပါတယ်။
Note 3 နဲ့ အတူတူ ပွဲထွက်လာခဲ့တဲ့ Galaxy Gear ဟာလည်း Rose Gold, Jet Black, Oatmeal Biege, Wild Oragne နဲ့ Mocha Grey စတဲ့ အရောင်မျိုးစုံနဲ့ ထုတ်လုပ်ထားတာပါ။

ယခုကြေညာလိုက်တဲ့ Galaxy Note 3 အရောင်စုံတွေက UK မှာတော့ မကြာခင် ၀ယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

By Kangyi

Ref: Pocketlint

No comments: