aungthwinoo နည်းပညာ ဆော့ဝဲလ်မှကြိုဆိုပါတယ်

Saturday, December 7, 2013

SAMSUNG မှ ဖုန်းအသစ် တစ်မျိုး ထုတ်ပြန်ပြီ (GALAXY WIN PRO)



တောင်ကိုရီးယား အခြေစိုက် Samsung ကတော့ စမတ်ဖုန်း မော်ဒယ်တွေ တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ်လျက်ရှိပါတယ်။ အခုတစ်ခါမှာလည်း ‘Galaxy Win Pro’ ဆိုတဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးကို မိတ်ဆက်ပွဲထုတ် ပေးလိုက်ပါပြီ။

အချို့ပရိသတ်တွေကတော့ Samsung အနေနဲ့ ဖုန်းမော်ဒယ်တွေ မကြာခဏ ထုတ်လုပ်နေခြင်းအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ဒါဟာ ရွေးချယ်စရာ များပြားအောင် ဖန်တီးပေးထားခြင်း ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

အခု ထုတ်လုပ်လိုက်တဲ့ဖုန်းဟာ ‘Mid-range’ အလယ်အလတ် ဖုန်းဖြစ်ပါတယ်။ အရမ်းကြီးလည်း အဆင့်မြင့်တာမဟုတ်သလို အဆင့်လည်းမနိမ့်ဘဲ အလယ်အလတ်ကျကျ သုံးစွဲနိုင်မှာပါ။ ‘Galaxy Win Pro’ ဟာ သူ့ရှေ့က ထွက်ခဲ့တဲ့ ‘Galaxy Win’ ရဲ့ မျိုးဆက်သစ်ပါပဲ။

၎.၅ လက်မ အရွယ် qHD Display, 1.2GHz Quad-Core Processor, 5 MP ကင်မရာနဲ့ Micro-SIM ကဒ် နှစ်မျိုး သုံးနိုင်အောင် Dual-SIM လည်း ဖန်တီးထားပါတယ်။

သုံးစွဲထားတဲ့ Battery ကလည်း 2100mAh ဘက္ထရီဖြစ်ကာ ဖုန်းတွင်းမှတ်ဉာဏ်နဲ့ RAM ပမာဏကိုတော့ အတိအကျ မထုတ်ပြန်ခဲ့ပေမယ့် သူ့ရဲ့ နောင်တော် ‘Galaxy Win’ နဲ့ သိပ်မကွာဘူး ဆိုတော့ ဖုန်းတွင်းမှတ်ဉာဏ် 8GB, RAM 1.5 GB ဖြစ်ဖွယ်ရှိပါတယ်။

Galaxy Win Pro ဟာ Android 4.2.2 (Jelly Bean) OS သုံးပြီး Run ထားတာပါ။

ဖုန်းရဲ့ အလေးချိန်ဟာ 139 ဂရမ်ရှိပါတယ်။ အလယ်အလတ် ဖုန်းပေမယ့် Quad-Core ပရော်ဆက်ဆာ သုံးထားပြီး ကင်မရာဟာလည်း Features တွေ အစုံအလင် ပါဝင်ပါတယ်။

Source: gsmarena

Kangyi (Myanmar Consumer Guide)

No comments: