
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘောလုံးမန်နေဂျာတွေတော်တော်များမယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ဘာကြောင့်လဲ ဆိုတာ့ ဘောလုံးပွဲတစ်ပွဲကို လက်ဖက်ရည်ဆိုင်မှာကြည့်မယ်ဆိုရင် ဟာဟိုကောင်က ဟိုကိုမပေးဘူး။ ဒီကောင်က ဒီလိုမကန်ဘူးဆိုပြီး နည်းပြလုပ်နေကြတဲ့သူတွေတော်တော် များများကိုတွေ့ နေရပါတယ်။ အဲ့ဒါကြောင့် တိုက်ဆိုင်မယ်ထင်လို့ ကျွန်တော်ဒီ game လေးကို တင်ပေးလိုက်ပါတယ်။ ဒီ game လေးက ကိုယ်ကိုယ်တိုင် မန်နေဂျာလုပ်ရတာဖြစ်တဲ့အတွက် ဘောလုံး အကြောင်းကို ဖွတ်ဖွတ်ကြေအောင် ကျွမ်းကျင်ကြတဲ့ မိတ်ဆွေတို့အတွက်တော့ အကောင်းဆုံး game လေးတစ်ခုပါပဲ။
Game လေးရဲ့ ပုံစံက ကိုယ်အကြိုက်ဆုံး အသင်းတစ်သင်းကို အကောင်းဆုံး စီမံခန့်ခွဲမှုတွေကိုလုပ်ပေးပြီး အသင်းအောင်မြင်မှုရရှိအောင် ကစားသမားတွေကိုရောင်းရ၊ ၀ယ်ရမယ်။ပြီးတော့ ကစားသမားတွေကို ညွှန်ကြားပြသပေးရမယ်။ အကောင်းဆုံးအသင်း တစ်သင်းအဖြစ်ရပ်တည်နေနိုင်အောင် လုပ်ဆောင်ပေး ရမှာဖြစ်တဲ့ အတွက် ဘောလုံး အသင်းရဲ့နည်းပြ မန်နေဂျာကြီးတွေဖြစ်ချင်ကြတဲ့ သူတွေရော၊ စီမံခန့်ခွဲမှုပိုင်းမှာ ကျွမ်းကျင်ကြတဲ့ မိတ်ဆွေတွေအတွက်ရော အထောက်ကူပြုနိုင်မဲ့ game လေးပါ။
ဒီ gmae လေးက file size ကတော့အရမ်းကြီးတဲ့ပါတယ်။ ဒါပေမဲ့ ကစားချင်ကြတဲ့ မိတ်ဆွေတွေ အတွက်တော့ ကျွန်တော်တင်ပေးထားတဲ့ file ကို အရင်ဆုံး download လုပ်လိုက်ပါ။ ပြီးသွား ရင် ဖုန်းထဲ ကို install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းကို internet ဖွင့်ပြီး data ကို download ထပ်လုပ်ပေးလိုက်ပါ။ Data ကို Download လုပ်တဲ့ပုံစံလေးက လည်းရိုးရှင်းပါတယ်။ ဖုန်းရဲ့ internet ကိုဖွင့်ပြီး install လုပ်ထားတဲ့ apk file လေးကိုဖွင့်လိုက်တာနဲ့ internet ဖွင့်ထားတဲ့အတွက်ကြောင့် သူဘာသာ download လုပ်သွားပါလိမ့်မယ်။ Download percentage ပြည့်သွားတာနဲ့ စပြီးကစားလို့ရပါပြီ။ ဒီ game ကို install လုပ်ဖို့အတွက်က internet ကတော့ မရှိမဖြစ်လိုအပ်ပါတယ်ဗျာ။ အဲ့ဒါလေးကိုတော့ သတိထားစေချင်ပါတယ်။ ဒီ game လေးကို ကစားဖို့အတွက် android version 2.2 နဲ့အထက်မှာဆိုရင် ကစားလို့ရပါပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ version မြှင့်တဲ့ ဖုန်းတွေ၊ tablet တွေမှာပဲ ကစားစေ ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ version နှိမ့်တဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ စက် အရမ်းလေး လို့ပါ။
အဆင်ပြေပြေနဲ့လေ့လာနိုင်အောင် ပုံတွေကိုထည့်ပေးလိုက်ပါတယ်။ ပုံလေးတွေကို ကြည့်လိုက်ရင်တော့ ပိုပြီးသဘောပေါက်နာလည်ပါလိမ့်မယ်ဗျာ။








အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
No comments:
Post a Comment